Work ethic for programmer

Thet Khine
1 min readJan 4, 2021

--

(Quora ကတွေ.လို.ယူလာတာ သဘောကျလို. title တွေယူပြီး အဆင်ပြေသလိုပြန်ရေးထားတာ)

၁. Have a positive attitude.

Positive attitude ကအရေးကြီးတယ်၊ လစာရဖို. တင်မဟုတ်ပဲ၊ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာလို.အရေးကြီးတယ် ဘယ်နေရာကို ဘယ်လောက်ထိခိုက်နိုင်တယ် ကိုယ်လုပ်ပေးလိုက်ရင်လဲ ဘာတွေပိုကောင်းနိုင်တယ်ဆိုတာ တွေးပေးတာမျိုး။ အလုပ်မလုပ်ရပြီးရော ဘာလာလာ ပြန်ငြင်းပြီး မဟုတ်ဘူးဆိုတာမျိုးက အဆင်မပြေဘူး။ ငါ့တာဝန် မဟုတ်ဘူး တိုက်ရိုက်မသတ်ဆိုင်ဘူးဆိုပြီး တချို.နေရာတွေ မဆိုင်သလိုနေတာမျိုး ကလဲ မကောင်းဘူးပေါ့။

၂. Foster deep knowledge

ဘယ် နည်းပညာကိုလေ့လာ လေ့လာ သေသေချာချာ In Depth ရအောင် လေ့လာတာမျိုး။Main technology တချို.မှာ expert ဖြစ်နေပြီး နောက်ကျန်တဲ့ လိုတဲ့ကောင်တွေမှာလဲ လိုက်လုပ်နိုင်ဖို. competent ဖြစ်ရမယ်။

၃. Keep Up to date with new technologies:

လက်ရှိ သုံးနေတဲ့ နည်းပညာတွေ အသစ်တွေကိုနားလည်နေတာ အကျွမ်းတဝင်ရှိတာမျိုး။

၄. Learning Ability:

နောက် အဓိက learning skill ,လုပ်ငန်းလိုအပ်ချက်အရ adapt ဖြစ်အောင် လုပ်နိုင်တာ သင်ယူနိုင်တာ research လုပ်နိုင်တာမျိုး

၅. Communications Skills:

Communication skill ကအရေးပါတယ် များသောအားဖြင့် တခြား နိုင်ငံက developer တွေနဲ.အလုပ်လုပ်ရတဲ့အခါမှာ မရှိမဖြစ်ပဲ။ အလုပ်က team work စုလုပ်ရတာဆို‌တော့ ကိုယ်ပြောချင်တာကို သူနားလည်အောင် ရှင်းအောင် ပြောနိုင်ဖို. သူပြောတာလဲ နားလည်နိုင်ဖို. အငြင်းအခုံမှာ လူကြီးဆန်ဆန် တဖက်သားအဆင်ပြေပြေ လက်ခံအောင်ပြောနိုင်ဖို. ဒါတွေလိုတယ်။

၆. Time Management

Meeting တွေအချိန်မှန်ရောက်ဖို. ကတိပေးထားတဲ့ deliverable တွေ အချိန်မှီပေးဖို. အဲ့တာတွေလိုမယ် နောက် timeline estimation သေချာ လုပ်ဖို. ။

၇ Be a Team Player

Software Development က တယောက်ထဲလုပ်ရတာမဟုတ်ဘူး။ အဲ့တော့ good team player ဖြစ်ဖို.လိုတယ်။ ကိုယ်က သူများဖို.လိုတဲ့အချိန်မှာ တက်အားသရွေ. ကူညီထားရင် သူတို.ကလဲ ကိုယ်လိုတဲ့အချိန်မှာ ပြန်ကူညီလိမ့်မယ်။ နောက်တခုက ကိုယ်က သူများဘာလိုလို ဖင်ပေါ့ပြီး လုပ်ပေးတတ်ရင် တခုခုဆို ကိုယ့်ဆီလာရှာလိမ့်မယ်။ အဲ့ကျ ကိုယ်ကသူများထက် အလုပ်ပိုလုပ်ရမယ် အတွေ.အကြုံပိုများမယ်ပေါ့။

၈. Expertise is overrated:

နည်းပညာ တခုတည်းတော်နေလို.မရသေးဘူး ခုနက လို soft skill တွေ ကောင်းဖို.လဲလိုသေးတယ်။ Hard Skill , soft skill balance ဖြစ်မှ သာလျင် အဆင်ပြေမယ်ပေါ့။

--

--