Self study ဘယ်လိုလုပ်မလဲပေါ့။

Thet Khine
1 min readJun 10, 2021

--

Computer Science အကြောင်း programming အကြောင်းဆိုပေမဲ့ အခြားသူတွေဖို့လဲအသုံးဝင်မယ်ထင်ပါတယ်။

၁ ပထမဆုံး ဘာကို study ချင်တာလဲဆိုတဲ့ goal ပေါ့။ ဖြစ်နိုင်တဲ့ဟာကိုလုပ်လို့ပြောတာ။ ဥပမာ ကိုယ်ကဖြင့် programming languageတွေအကြောင်း နားမလည်သေးဘူး ဆိုရင် Compiler တွေရေးမယ်ဆိုတာဖြစ်လာနိုင်မှာမဟုတ်ဘူး။

အဲ့တော့လုပ်ရင် မဖြစ်လာနိုင်တော့ စိတ်ပျက်ပြီးလစ်သွားတာပဲအဖတ်တင်မယ်။ အဲ့တော့ဖြစ်နိုင်တာလေးကစပေါ့။ ဖြေးဖြေးချင်း။

၂ နောက် learning path ကို ရှာပေါ့။ ဆိုချင်တာက ဒါကိုလေ့လာဖို့ ဘာတွေလိုသလဲ။

အခြေခံတွေကဘာလဲ။ ဘာပြီးရင်ဘာလေ့လာရမလဲ။ ဘယ်ဟာတွေ ဖတ်ရမလဲ။ Roadmap လိုကောင်ပေါ့။

ဥပမာ Android လုပ်မယ်ဆိုရင် ကိုယ်က Android ဖို့လိုတဲ့ Java, Kotlin ရပြီလား။ ဒါဆိုခုနက နံပါတ် ၁ကပြန်စရမှာ။

၃ Learning material တွေရှာပါ။ ဥပမာစာအုပ် Video, tutorial site တွေ ebook download site တွေ software တွေ အစရှိသဖြင့်ပေါ့။

၄ တယောက်နဲ့တယောက်က learning လုပ်ပုံခြင်းမတူဘူး။ တချို့က စာဖတ်တယ်။ တချို့က video tutorial တွေကြည့်တယ်။ တချို့က How to တွေနဲ့အဆင်ပြေတယ်။

၅ တကယ်အနှစ်သာရသိသိ လေ့လာဖို့ကျတော့ ခုနက How to ဆိုတာထက် ဒါက ဘာလို့သုံးတာလဲ ဘာအကျိုးရှိလို့လဲ ဘယ်နေရာမှာသုံးသင့်တာလဲ မသုံးရင်ဘာဖြစ်မလဲ သုံးရင်ဘာဖြစ်မလဲစတာတွေကို မေးခွန်းထုတ်ပြီးပြန်လေ့လာပါ။

၆ ဆက်စပ်နေတာတွေကိုသိအောင်လုပ်ပါ၊ ဥပမာ JWT သုံးမယ်ဆိုရင် Authentication ဆိုတာဘာလဲ။ Hash ဆိုတာဘာလဲ။ Token based Authentication ဘာလို့သုံးတာလဲ။ ဘာကောင်းလို့လဲ ။ တခြားဟာတွေကဘာအားနည်းတာလဲ။ JWT ကဘာတွေပိုကောင်းတာလဲ ဒါတွေသိဖို့လုပ်ပါ။

၇ လက်တွေ့အသုံးချကြည့်ပါ။ Learning by doing ပေါ့။

၈ တကယ့် theorical background တွေမှာဖတ်လိုက်တိုင်းနားလည်မှာမဟုတ်ဘူး ။ဘာလို့ဆိုတော့ကိုယ့်မှာ နားလည်နိုင်တဲ့အခြေခံမပြည့်သေးလို့ဖြစ်တယ်။

ဒါဆိုလိုတဲ့ဟာတွေလိုက်ဖြည့်ပါ။ နောက်တခုက စာဖတ်တဲ့အခါ ကိုယ်နဲ့ ကိုက်ရာစာအုပ်ကို ရွေးဖတ်ဖို့ပါ။ ဆိုချင်တာက ကိုယ်နားမလည်တဲ့ level ကိုသွားဖတ်တာသည်အဆင်မပြေဘူးပြောတာ။

တဖြည်းဖြည်းနဲ့ နားလည်တဲ့ level ကိုမြှင့်ယူပါ။ စာဘယ်လိုဖတ်ရမလဲကို ဒီမှာရေးပေးထားပါတယ်။

https://www.facebook.com/thet.khine.587/posts/10205779244319863

၉။ ကိုယ်သိပြီးသားတွေကို microsopic level ဖြစ်အောင်ခွဲချပါ။ Refine ပြန်လုပ်ပါ။ဆိုချင်တာက အရင်က variable ဆိုတာ memory မှာ တန်ဖိုးတွေသိမ်းတာဆိုတာလောက်သိမယ်။ အသေးစိတ်ချဲ့ရင် variable အကြောင်း ၁ နာရီ ၂ နာရီထိုင်ပြောရင်တောင်မပြီးတဲ့အဆင့်ဖြစ်အောင် နားလည်အောင်လုပ်တာမျိုး။

--

--