Career advice for Developer

Thet Khine
2 min readJan 12, 2021

ကိုယ်တိုင်လဲ အလုပ်လုပ်ဖူး။ အင်တာဗျူးတွေ လဲ မေးဖူး ဖြေဖူးခဲ့တာတွေ ကြုံဖူးတာတွေကိို ကြုံရင် ပြောဖြစ်လေ့ရှိတယ်။

လူတယောက်နဲ. အလုပ်လုပ်ဖို. စစဉ်းစားတဲ့အခါ ဥပမာ အင်တာဗျူးပေါ့။ ဒါဆို အဓိက ၂ ချက်ကို ကြည့်တယ်

သူသည် ဒီအလုပ်ကို လုပ်နိုင်လား၊ လုပ်နိုင်တဲ့ ability ရှိလား အလုပ်လုပ်နိုင်သလားဆိုရင် လုပ်နိုင်တာတင်မကဘူး တခြားဘာတွေပါ ကြည့်သေးသလဲဆိုတော့ သင်ယူနိုင်စွမ်းရှိသလား စိတ်ဝင်စားလားဆိုတာမျိုးပါ ကြည့်တာပေါ့။

နောက်သူ.ကို assigned ချမဲ့ team သည် သူနဲ.အတူတူ အလုပ်လုပ်နိုင်မလား၊ သူကရော team နဲ.အတူတူလုပ်နိုင်မလား ဆက်တွေးရရင် ဒီ organization ကနေရာ သူနဲ.အလုပ်လုပ်လိို့ အဆင်ပြေမလားပေါ့။

ကျွန်တော့်အမြင်ကတော့ ဒါတွေပေါ့။

၁ Attitude is everything

လူတွေ နောက်ပြောင်‌ပြောနေကျတဲ့ မင်းတို.ကစိတ်ဓတ်ပဲဆိုတာ တကယ် အရေးပါတယ်။ ဒီလူက ဘယ်လိုလူလဲ အလုပ်ကို လစာရဖို.ပဲလုပ်တာလား။ တာဝန်ကျေရုံပဲလား။ သူ. team , organization ကိုဘာတွေ ပံ့ပို.နိုင်မလား ဒါတွေက အရေးကြီးတယ်၊ဥပမာ ကောင်လေး တယောက်က ကူညီချင်စိတ်ရှိတယ်ဆိုပါစို. သူ. team ထဲမှာ သူက တခုခုဆို ဖင်ပေါ့တယ်။ အကူညီလဲရတယ်၊ ဒါဆို ကျန်တဲ့သူတွေက သူ.ပဲဲ အကူညီတောင်းကြမယ်။ အဲ့တော့ အကျိုးဆက်အနေနဲ. ဘာဖြစ်လာလဲဆိုတော့ သူသည် သူများထက်ပိုတတ်လာတယ် သိလာတယ်။ ခနခန သူ.ချည်းလုပ်နေရတာကိုး။ လူကြီးတွေကလဲ သဘောကျမယ်ပေါ့။ မလှုပ်မရှုပ် မပြုတ်ဆိုတာမျိုးကတော့အဆင်မပြေဘူးပေါ့လေ။ နောက် ဒီ Company မှာ ကိုယ်က စိတ်ရောကိုယ်ပါလုပ်ပေးခဲ့ရင် အတွေ.အကြုံပညာသူများထက်ပိုရမယ် အဲ့ကျ တခြား နောက်တနေရာမှာလဲ သူ.ဖို.အသုံးဝင်မယ် win-win ပေါ့။

တခုခုခိုင်းလိုက်လို. အလုပ်ပိုလုပ်ရပါလားဆိုရင် အပေါ်ကလူကလဲ မခိုင်းချင်တော့ဘူး။ အဲ့တော့ အလုပ်တော့ပိုမလုပ်ရပဲနေမယ်။ ထို.အတူ ပိုလဲ တတ်မှာမဟုတ်တော့ဘူးပေါ့။

၂ Responsibility ယူပါ။

ဆိုချင်တာက ဘာပဲလုပ်လုပ် ကိုယ့်တာဝန်ဆို ကိုယ်ယူရမယ်။ Junior ဆို Junior အလျောက် senior ဆို seinor အလျောက်ပေါ့။ မှားတယ်ဆိုရင်လဲ အဲ့တာကို တာဝန်ယူရမယ်််။နောက်မမှားအောင်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပြင်ဆင်ရမယ်ပေါ့။

၃ Invest yourself

အပြင်မှာ သင်တန်းတွေ တက်တာ စာအုပ်တွေဖတ်တာ လေ့လာတာတွေပေါ့ အဲ့တာတွေက အမြဲတမ်း ကိုယ့်နောက်ပါမဲ့ဟာတွေပေါ့ ကိုယ့် CV မှာရှိတဲ့ skillset ကို update ဖြစ်အောင်လုပ်နေတာ (CV ထဲထဲ့ထားပြီး ဘာမှမသိရင်လဲ တကယ်သိတဲ့သူကမေးရင် ဂွမ်းမှာနော်) မျိုးပေါ့

၄ Choose Mentor over money

တချို.က လစာပဲကြည့်တယ် တကယ်တမ်းက လိုပေမဲ့ ကိုယ့်ကိုသင်ပေးနိုင်တဲ့သူ mentoring လုပ်ပေးနိုင်တဲ့သူ မျိုးရှိတဲ့နေရာသည် ကိုယ့် carrer ဖို.ပိုကောင်းတယ်

၅ နည်းပညာ တခုတည်း ဆုပ်ကိုင်မထားတာ

ဥပမာ Language တခုတည်း ဒါမှမဟုတ် Framework တခုတည်း ဆုပ်ကိုင်ပြီး ငါကတော့ဘာ developer ဆိုတာ အဆင်မပြေဘူးပေါ့ ဆိုချင်တာက Framework တခု language တခုတည်းမဟုတ်ပဲ ဘာလာလာ ဒေါင်းနိုင်လေ ကိုယ့်အဖို.က အဆင်ပြေလေပဲ။ သိတယ်ဆိုတာကလဲ In depth လောက်သိတာက ပိုအဆင်ပြေတာပေါ့။ နောက်တခုက up to date ဖြစ်အောင် လုပ်နေတာ ဥပမာ android developer, Kotlin မရေးဘူး React Native မရဘူးဆိုတာထက် လုပ်နိုင်တယ် လေ့လာပြီးရေးနိုင်တယ်ဆိုတာက ပိုကောင်းတာပေါ့။

၆ ဖြတ်လမ်းနည်းမသုံးတာ

တချို.တွေက လူလည်တွေ ဒီနေရာမှာ ၆ လလောက်လုပ် နောက်တနေရာပြောင်း ရာထူးတိုးတောင်း လစာတိုးတောင်း ဒါတွေသည် ရေရှည်မှာ ကိုယ့် skill လိုလာတဲ့အချိန်မှာ ပြဿနာအကြီးကြီးတက်မယ်ပေါ့။ ထိုက်သင့်တဲ့နေရာမှာ ထိုက်သင့်တဲ့ သိသင့်တဲ့ knowledge ရှိအာင်လုပ်မယ်ဆိုရင်ပိုကောင်းတာပေါ့။

၇ Soft Skill

ဒါကတော့ သိတဲ့အတိုင်းပါပဲ hard skill ကြီးပဲကောင်းနေလို.မရဘူး ၊ ခေတ်က သူများနိုင်ငံတွေဆီသွားလုပ်ရတာ တခြားနိုင်ငံကလူတွေနဲ.လုပ်ရတာ ဆိုတော့ ဘာသာစကားအပြင် တခြား soft skill တွေသိထားတာက ပိုကောင်းတာပေါ့။

၈ Ethic

Professional ethic ရှိရမယ်။ ရိုးသားတာမျိုး။ လူတွေက ကိုယ်နဲ. အလုပ်တွဲလုပ်ချင်အောင် စိတ်ဓတ်ကောင်းတာမျိုး။အရည်ချင်းလဲရှိတာမျိုး လုပ်ထားရင်တော့ ကောင်းတာပေါ့။

၉ Respect everyone

Organization တခုဖြစ်ဖြစ် လူလူချင်းဖြစ်ဖြစ် mutual respect က လိုကိုလိုတယ်။ အဲ့အခါကျ ကိုယ်က တခြားသူတွေဆီကပါ သင်ယူလို.ရတယ်။ ဟိုတနေ.က စာသင်ရင်း color စပ်ပြတဲ့နည်း ပြတော့ တပည့်တွေက အံ့အားသင့်နေတာ။ အမှန်က ကိုယ်က designer ညီမလေးတယောက်ဆီက နေ မေးပြီးလေ့လာထားတာ။ ဒါမျိုးပေါ့ အပြန် အလှန်သင်ယူစရာတွေ

လိုတာလေးတွေလဲ ထပ်ဖြည့်ပေးကြပေါ့။

(သူများတွေ ဖြည့်ပေးထားတာ )

Accountability: တာဝန်ယူမှူ။ ငါ့တာဝန်ထားလိုက် ဆိုပြီး မရရအောင်လုပ်ပေးတာ။ ခိုင်းတဲ့ လူက ပြန်ကြည့်စရာမလိုဘူး။ ယုံကြည်မှုက အဲဒီကရတာ။

Resourcefulness: ကြံရည်ဖန်ရည် ရှိတာ။ လုပ်လို့မရရင် ငုပ်တုတ်ထိုင်မနေပဲ တစ်နည်းနည်းကြံဖန်ရှာပြီးရအောင် လုပ်တာ။

--

--