Beginner Developer Survival Guide.

Thet Khine
1 min readJan 13, 2021

တိုင်ပတ်နေတာတွေ မဖြစ်အောင် ဒါတွေဆောင်သင့်ပါတယ်။

၁ Programmer တွေဖို.အရေးကြီးဆုံး language က English ပါ။ သူ.ကိုနားလည်ရင် Google ကနေ ခေါက်ပြီး tutorial တွေ blog တွေကောင်းကောင်းဖတ်လို.ရပါပြီ။

၂ ကိုယ်လိုချင်တဲ့ resources တွေဘယ်မှာ ရှာရမလဲသိအောင်လုပ်ပါ။ ဥပမာ Google ကနေ tutotrial ,learning blog တွေ ရှာလို.ရပါတယ်။ libgen.io, pdfdrive အဲ့လို site တွေကနေ ebook တွေ အခမဲ့ဒေါင်းလို.ရပါတယ်။

၃ Google ကိုကောင်းကောင်း အသုံးချတတ်အောင်လုပ်ပါ။ ဘယ်လို keyword တွေနဲ.ရှာရမလဲ။ ဒီ keyword နဲ.အဆင်မပြေရင် ဘယ် keyword သုံးလို.ရမလဲဆိုတာမျိုးတွေပေါ့။

၄ ဆိုင်ရာ Programming Language community တွေဥပမာ JavaScript ဆို Mozilla developer network အစရှိတာတွေ ကိုရှာထားပါ။

၅. Stackoverflow ကိုသုံးတတ်အောင်လုပ်ပါ။ ကိုယ်သိချင်တဲ့ Programmig issue ကိုမေးထားတာဖြစ်ဖို.များပါတယ်။ အဲ့မှာ တခါတည်း အဖြေသိနိုင်ပါတယ်. အဖြေမရှိရင် မေးခွန်းမေးတတ်အောင်လုပ်််််ပါ။

၆ မေးခွန်းမေးတတ်အောင်ဆိုတာ ကိုယ်က ဘာမှမလုပ်ပဲ သားကို လေ SQL အကြောင်းရှင်းပြပါဆို ထရိုက်တာမျိုးခံရပါလိမ့်မယ်။ ကိုယ့်ဘက်က ဘာတွေအားထုတ်ထားပြီး ဘယ်နေရာမှာ တစ်နေတာလဲ ဆိုတာမျိုးကို ပြောပြီးမေးရမှာပါ။ မသိမေး မစင်ဆေးဆိုပြီး ဘာမှမသိပဲဲ ဘာမှ မလုပ်ပဲထိုင်မေးလို.မရပါဘူး။

၇ Mentor ကောင်းကောင်းကိုရှာပါ။ ဟတ်ချလောင်း ၂ လလောက်နဲ. Professional တို. Super star တို.ဖြစ်အောင် လုပ်ပေးနိုင်တာတွေ မရှိပါ။ လုပ်ပေးနိုင်ရင်လဲ Professinoal သောက်ပေါ တို. သောက်ပေါ super star တို.ဖြစ်ပါလိမ့်မယ်.

၈ Github ကိုသုံးတတ်အောင်လုပ်ပါ။ အဲ့မှာ source code တွေကို ရှာလို.ရပါလိမ့်မယ်။ နောက် တခြား CodeProject လို site တွေလဲသုံးတတ်အောင်လုပ်ပါ။

၉ Language , API , Framework documentation တွေဖတ်တတ်အောင်လုပ်ပါ။

၁၀ Blog တွေ short tutorial တွေအစား စာအုပ်တွေကို အားကိုးပါ။

၁၁ ကိုယ့်တာဝန်ကိုယ်ယူပါ ကိုယ်တတ်ဖို. ဘယ်သူ.မှာမှ တာဝန်မရှိပါဘူး။ ဘယ်သူကမှ ငါ့မကူညီဘူး ဆိုပြီး scapegoat မလုပ်ပါနဲ. ။ကိုယ့်ဖို. တာဝန်ရှိတာက ကိုယ်ပါပဲ။

--

--