2024 မှာ developer တွေအနေနဲ့ဘာတွေလေ့လာထားသင့်သလဲပေါ့။

Thet Khine
1 min readDec 23, 2023

--

2023 Stackoverflow developer survey ထွက်လာပြီ။ ဒါကိုကြည့်ပြီး ဘာတွေ ပြင်ဆင် ဘာတွေ လိုက်လို့ရမလဲဆိုတာသိစေချင်တာ။

Popular technology ထဲမှာ JS ကထိပ်ဆုံးက၊ JS, HTML-CSS,Python, TypeScript, SQL အစဉ်အလိုက်ဆိုရင်။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ backend ဘာပဲသုံးသုံး frontend ကတော့ JS HTML-CSS ပါရတယ်။ နောက် ဘယ် application ရေးရေး ဘယ် backend သုံးသုံး database ကတော့ပါစမြဲပဲ အဲ့တော့ SQL ကပါရတယ်။ မဖြစ်မနေသိသင့်တယ်လို့ဆိုချင်တာ။ JS အစား TypeScript ပြောင်းလာတဲ့အတွက် large scale app တွေမှာ ဖြစ်တဲ့ trend ကိုပြနေတာ။

JS, HTML-CSS,Python, TypeScript, SQL‌နောက်မှာ beanshell ပြီးရင် Java ဆိုချင်တာက enterprise သုံးတဲ့ language တွေထဲ Java ကထိပ်ကပဲ။ Python လဲပါတယ်ဆိုရမယ်။ ဒါပေသိ enterprise ဘက်ကျတော့ python ကအားနည်းတယ်။ အဓိက shine ဖြစ်တာ AI related ဖြစ်တဲ့နေရာတွေမှာ ဒါကြောင့် Python အဲ့နေရာရောက်နေတာပြောရမယ်။

ဆိုတော့ကာ enterprise လုပ်တော့မယ်ဆိုရင် Java လို့ဆိုရမယ်။ Java နောက်မှာ C# လိုက်လာတယ်။

ကမ္ဘာကြည့်ကြည့်မယ် ကိုယ်က ဘယ်နိုင်ငံမှာ လုပ်ချင်သလဲ ဈေးကွက်ဘယ်လိုရှိသလဲဆိုတာ ချိန်ဖို့လိုတယ်။

Learning အနေနဲ့ online resources သုံးတာပိုများတယ်၊ book က ဒုတိယလိုက်တယ်။

Database မှာ Postgres, MySQL, SQLlite, MongoDB — ပထမ ၃ ခုက RDBMS (postrgres ကတော့ တခြားRDBMS မှာမပါတာတွေသုံးလို့ရတယ်) နောက်တခုက NoSQL (MongoDB) အဲ့တော့ SQL သင်ပြီးရင် MongoDB သင်အဲ့လိုသဘောယူလို့ရတယ်။

Cloud ဘက်မှာ AWS (သူက percentage တော်တော်များတယ်) ပြီးမှ Azure, နောက် Google cloud.

WebFramework တွေမှာ Node.js, React, jQuery, Express, Angular, Next.js အစဉ်အတိုင်း ။ Node.js +Express က backend တတွဲ ဖြစ်တယ်။ React+ Next.js က same stack ဖြစ်တယ်။ ဆိုချင်တာက Backend မှာ JS သုံးရင် Express.js လေ့လာ frontend ပိုင်းဆို JS+Next.js ပဲ။ အဲ့တော့ကိုယ်သင်နေတဲ့ JS+React အတန်းဆို ခုနက ၄ ခုကကွက်တိပဲ။ MongoDB ပါသေးတယ်။

Other tool တွေမှာဆို docker, npm, pipe ,homebrew,yan အစဉ်အလိုက်၊ Docker ကိုပြချင်းအားဖြင့် လက်ရှိ development တွေမှာ မသိမဖြစ် ဆိုတာမျိုး docker-k8s ကိုနားလည်ထားသင့်တယ်ဆိုတာမျိုး။ npm-yarn ကတော့ Node.js, JS based frontend development , backend development တွေအတွက်သုံးတာ။

နောက် Project management tool တွေကတော့ Jira, နဲ့ confluence ပေါ့။

ထူးခြားချက် လစာအကောင်းဆုံး language တွေကတော့ Functional programming language တွေပဲ ဒါကလဲဖြစ်သင့်တယ်။ အတော်စားတာကိုး။

Rust ကတော့ Admired အဖြစ်ဆုံးပြောတယ်။ ဒါပေသိ adoption အရ လူနည်းတယ်။ နောက် system programming language ဖြစ်တယ်။ daily life မှာ development အတွက် သာမာန် application တွေဖို့ adopt မလုပ်ကြသေးဘူး ဒါကို သဘောပေါက်ဖို့လိုတယ်။

--

--