နည်းပညာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေကို ဘယ်လိုဖတ်မလဲ

Thet Khine
2 min readJan 4, 2021

--

နည်းပညာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေကို ဘယ်လိုဖတ်မလဲလေ့လာမလဲဆိုတာ Self study လုပ်ချင်သူများအတွက် အရေးပါတဲ့ ကိစ္စတခုပါ။

စာဖတ်တာများ လွယ်လွယ်လေး စာအုပ်ဖွင့်ပြီး ဖတ်လိုက်လေကွယ်လို. လွယ်လွယ်လေး မပြီးပါ။ ပထမဆုံးကတော့ English စာကို ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် ဆိုချင်တာက IELTS score ဘယ်လောက် ဘာညာ ရမှ မဟုတ်ဘူး ဒါပေမဲ့ simple sentence တွေလောက်ကို နားလည်နိုင်တဲ့ အဆင့်ရှိဖို.လိုပါတယ်။ ဘာလို.လဲဆိုတော့ နည်းပညာစာအုပ်မှန်သမျှကို English လိုသာ အရေးအများဆုံးပါ။ မြန်မာလို လိုက်ရှာနေရင်တော့ သိပ်အဆင်ပြေဦးမှာ မဟုတ်ပါဘူး။

ဘယ်စာအုပ်ကစဖတ်မလဲပေါ့။ ဒါကတော့ ကိုယ်နားလည်နိုင်တဲ့စာအုပ်ကနေ ဖတ်ပါလို.ပဲ အကြံပေးရမှာပါ။ လူတယောက်နဲ.တယောက် စာဖတ်အားကွာတဲ့အခါ အခြေခံ knowledge မတူပါဘူး။ အဲ့တော့ တယောက်နားလည်နိုင်တဲ့ စာအုပ်နဲ.နောက်တယောက်နားလည်နိုင်တဲ့စာအုပ်မတူပါဘူး။ ဒါကြောင့် ကိုနားလည်နိုင်တဲ့စာအုပ်က စဖတ်ပါလို. ဆိုပါရစေ။

နောက်တခုက technical term တွေဝေါဟာရတွေသည် English လိုတိုက်ရိုက်ပြန်ုလို.မရတဲ့ အတွက် အချိန်အတိုင်းအတာတခုရောက်မှသာ အပြည့်အဝ နားလည်လာပါလိမ့်မယ်။ဆိုချင်တာ က စာအုပ်တအုပ်ကို လွန်ခဲ့တဲ့ တနှစ်ကဖတ်လို. နားလည်ထားတာနဲ. အခုဖတ်လို. နားလည်လာတာ မတူနိုင်ပါဘူး။ ဘာလို.လဲဆိုတော့ကို.မှာရှိတဲ့ knowledge ကွာသွားလို.ပါ။

မြန်မာ့ကျောင်းသားတွေ တွေ.ရတဲ့ ပြဿ နာက တော့ term poison လို.ခေါ်ရမဲ့ပြဿ နာပါ။ ဘာလဲဆိုတော့ term တခုခုကိုတွေ.လိုက်ရင် အဲ့ term ကြီးက ကြားဖူးတယ် အော်ကျက်ဖူးတာကိုး ရင်းနှီးတယ် အဲ့တော့ ဒီ term ကိုနားလည်တယ်လို. တလွဲထင်သွားရော။ အဲ့မှာတင်စမှားတာပါ။ ငါက တကယ်နားလည်တာလား ကြားပဲကြားဖူးတာလားကို ရှင်းအောင်လုပ်ပါ။

နောက်တခုက စာကို တနေ.စာမျက်နှာဘယ်လောက်ဆိုပြီးဖတ်တဲ့သူတွေ တွေ.ဖူးပါတယ်။ စာဖတ်တယ်ဆိုတာ အသိဉာဏ်ကို စိန်ခေါ်နိုင်အောင် ပိုသိအောင် ဖတ်ရတာပါ။ စာမျက်နှာ ဘယ်နှမျက်နှာဖတ်နိုင်သလဲဆိုတာ ပြိုင်နေတာမဟုတ်ပါဘူး ။ နားလည်အောင် ဖတ်ဖို.အရေးကြီးတာပါ။ စာတကြောင်းနဲ. တပတ်လောက်တိုင်ပတ်နေတာလဲ သာမာန်ပါပဲဖြစ်နေကြပါပဲ ။သူများတွေလဲ ဒီလိုပဲလို.သာမှတ်ပါ။

လက်တွေ.နိုင်တဲ့ဆိုင်တဲ့ သင်ခန်းစာတွေကို လက်တွေ.လုပ်ကြည့်ပါ။ Deep Knowledge နဲ. shadow knowledge ကိုခွဲခြားသိပါ။ ဥပမာ paper တစောင်ထဲမှာရေးထားတဲ့ Neural network training နဲ.ပတ်သတ်တဲ့ algorithm တခုကို program ရေးနိုင်တာဟာ pseudo code ကနေ program ကိုရေးနိုင်တဲ့အဆင်ပါ။ ဒါက shadow knowledge ပါ။ ဆိုချင်တာက algorithm ကို code လုပ်နိုင်ယုံနဲ. ပြီးသွားတာမဟုတ်ပါဘူး။ ဒါက What နဲ. How ကိုပဲသိသေးတာပါ။ ဒီ Algorithm ဘာကြောင့်ဒီလိုအလုပ်လုပ်သလဲ Why ကိုမေးခွန်းထုတ်ရမှာပါ။ ဥပမာ Neural Network မှာဆို weight တွေကို ဘာကြောင့် update လုပ်သလဲ သူ. equation တွေက ဘာကြောင့်အဲ့လိုဖြစ်နေတာလဲဆိုတာကို သိအောင်လုပ်ပါ။ Error function ကဘယ်ကနေရတာလဲ ဆိုတာသိအောင်လုပ်ပါ။ ဒါတွေမသိသေးပဲနဲ. pseudo code ကို program ရေးနိုင်ယုံနဲ. ဒီ အကြောင်းသိပြီလို. ထင်နေရင် မိုက်တာပါပဲ။ Computer Science မှာကို.ထက်ဆရာကျတဲ့ လူတွေ နှစ် လေးငါးဆယ်လောက် လေ့လာထား သုတေသနလုပ်ထားတာကို ၂ပတ်လောက်နဲ. လုပ်နိုင်တယ်ကွဆိုရင်တော့ သေချာပါတယ်။ Pseudo code ကနေ code ဖြစ်အောင်ရေးနိုင်တာပါ။ Why ကနေ Why not ဆိုတာကိုမေးပါ။ ဒီ Neural network မှာ ဒီလို rule တွေနဲ.အ လုပ်လုပ်တာကိုသိပြီ ဒါပေမဲ့တခြားနည်းလမ်းမရှိဘူးလား ဆိုတာကိုမေးရမှာပါ။ (Nerual network မှာ backpropagation training algorithm က Error function ဆိုတာက Geometric plane မှာ data point တွေကို distance ရှာတာကနေစတာပါ။ နီးလေတူလေပေါ့။ ဝေးလေ မတူလေပေါ့။ ) Weight ကို update လုပ်တဲ့ Equation က ခုနက Error function ကို differentiate လုပ်ပြီး error slope ကိုလျော့သွားအောင် လုပ်တာပါ။ ကျောင်းမှာ Differential equation တွေကို manual method နဲ.တွက်သလို တဖြည်းဖြည်းချင်း error နည်းသွားအောင် တွက်ယူရတာပါ။

နောက် ကိုဖတ်ထားတာတွေကို တခုခုမှာ အသုံးချကြည့်ပါတယ် ။ ပညာဆိုတာ တကယ်သုံးနိုင်မှ တကယ်တတ်တယ်လို.ဆိုရမှာပါ။ မသုံးနိုင်သေးရင် တကယ်မတတ်သေးဘူးလို.ပဲ ဆိုရမှာပါ။ တကယ်မလုပ်တတ်ပဲနဲ. ကြုံရင်ကြွားဖို. ဖတ်တာလောက်လဲ မလုပ်ပါနဲ.။ သက်သက် အချိန်ကုန်ပါတယ်။

ကိုဖတ်နေတဲ့စာအုပ်တွေနဲ. ဆက်စပ်စာအုပ်တွေကိုလွယ်လွယ်သိချင်ရင် Amazon.com မှာ ကိုဖတ်နေတဲ့စာအုပ်ကိုရှာကြည့်ပါ။ သူနဲ.ဆိုင်တဲ့ ဆက်နွယ်နေတဲ့စာအုပ်တွေ ပြပါလိမ့်မယ်။

နောက်ထပ်စာအုပ်အသစ်ဖတ်တဲ့အခါ ကိုမသိသေးတာကိုဖတ်ပါ။ ဖတ်လိုက်တိုင်းနားလည်နေရင်တော့ သေချာပါတယ်။ ကိုနားလည်တာကိုပဲ ရွေးဖတ်နေတယ်ဆိုတာ သဘောပေါက်ပါ။ အသိဉာဏ်တိုးဖို. ဖတ်ပါ။ ပါဝါတိုးဖို. မဖတ်ပါနဲ။

Self Study သမားတွေအတွက် Theoretical စာအုပ်ကောင်းကောင်း ဘယ်လိုရှာရမလဲဆိုရင် လွယ်ပါတယ် အွန်လိုင်းမှာ တခြားနိုင်ငံက တက္ကသိုလ်တွေ ဘာတွေ သင်ရိုးလုပ်သလဲ သူတို.ဘာတွေသင်သလဲ ဘယ်စာအုပ်တွေသင်သလဲ လေ့လာပါ။ Programmer တွေအတွက်ကျတော့ စာအုပ်တွေတင်မကပဲ Open Source code တွေကိုပါ ဖတ်ပါ။ ဒါမှ ကို.ထက် skill မြင့်တဲ့ Developer တွေဆီကနေ သင်ယူလို.ရမှာပါ။

--

--